မျက်စိနှစ်ဘက်နဲ့ ကြည့်ရအောင်

Wednesday, February 10, 2010 ရေးသားသူ >> မောင်မိုး 2 ခု မှတ်ချက်ရှိတယ်။

အင်း...ဒီတစ်ခါမှ မောင်မိုး ချောက်ထဲမကျရင် နောက်ဘယ်တော့မှ ကျမှာ မဟုတ်ဘူး။
စကားမစပ်ဗျာ။
ဒီပို့စ်ကို အမျိုးသမီးတွေဖတ်တဲ့အခါမှာ ခေတ်အခြေအနေအတိုင်း ပကတိ အမြင်နဲ့ ဖတ်ကြဖို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော်စပြီး ဘလော့ဂ်ရေးမယ်ဆိုကတည်းက အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Criticism ကို အဓိကရေးချင်ခဲ့တာပါ။ စာအုပ် ဖတ်ရင်လည်း ဝေဖန်ရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကိုပဲ အဖတ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာတွေက လူ့လော ကရဲ့ လိုအပ်ချက်တစ်ခုလို့မြင်မိတာကိုး။ ကျွန်တော့်အမြင်မှာ ဝေဖန်တာဟာ ရန်စတာ၊ ပုတ်ခတ်တာ၊ တိုက်ခိုက်တာလို့ မမြင်ပါ ဘူး။ ဝေဖန်သူကို တည့်မတ်ပေးသူ၊ လမ်းညွှန်ပေးသူလို့ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ လူဆိုတာက ငါသာလျှင် ငါ့ဘ၀၏ အရှင်သခင်လို့ ခံယူချင်တဲ့လူတွေက ခပ်များများဆိုတော့ ကျွန်တော်နဲ့ အမြင်မတူရင်လည်း ဘာမှမဖြစ်ပါဘူး။

ကဲ..ခုနက စကားကို ပြန်ကောက်ရအောင်။ ကျွန်တော် Criticism ကိုရေးချင်တယ်လို့ စောစောကပြောခဲ့ပြီးပြီ။ အဲဒီလိုရေးတဲ့ နေရာမှာ ကျွန်တော်က တွေ့ကရာ၊ အမြင်မတော်ရာတွေကို ရေးနေတာတော့မဟုတ်ပါဘူး။ လူတွေက လုပ်သင့်လုပ်ထိုက်တာထက် ပိုပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တာထက်ပိုပြီး၊ တွေးသင့် တွေးထိုက်တာ ထက်ပို ပြီး ဖြစ်ပျက်နေတာတွေကိုပဲရေးတာပါ။တစ်နည်းအားဖြင့် ခေတ်စကားနဲ့ပြောရရင် Over ဖြစ်တဲ့ဟာတွေကိုပေါ့။

အခုတစ်လော ဘလော့ဂ်လောကမှာ ဘလော့ဂ်ဂါမမတွေက သူ့ထက်ငါအလုအယက် ဖွက်ထား၊ ဥထားတာ လေးတွေ ထုတ်ပြလာ ကြတယ်။ အော်..တလွဲမတွေးပါနဲ့။ သူတို့ရဲ့ ထမီ(လုံချည်၊ ထမိန်) ဘာညာတွေပေါ့ဗျာ။ များသောအားဖြင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့သူတွေက ဓာတ်ပုံနဲ့တကွ ကြော်ငြာတင်တယ်။ ဘာလို့ ဓာတ်ပုံနဲ့ ကြော်ငြာကြတာလဲဆိုတော့ရှင်းပါတယ်။ နိုင်ငံခြားမှာ မြန်မာဝတ်စုံဝတ်ပြီး ပွဲတက်နိုင်တာက တစ်နှစ်မှာမှ လွန် ရောကျွံရော ၃ ကြိမ်လောက်ပဲရှိတာပါ။ ဆိုကြပါစို့။ အဲဒီအမျိုးသမီးတစ် ယောက်မှာ မြန်မာဝတ်စုံ မရှိဘူးဆိုရင် အနည်းဆုံး ၃ စုံလောက်တော့ ရှိလိမ့်မယ်။ တစ်ချို့ပွဲတက်မြန်မာဝတ်စုံများတဲ့လူကျတော့ ပွဲအရေအတွက်ထက် ၀တ်စုံအရေအတွက်ကပိုများနေတယ်။ လူ့သဘာဝအတိုင်းကိုယ့်မှာရှိတာကြွားချင်နေတော့ အခွင့်ရတာနဲ့ထုတ်ပြ လိုက်ကြတာလို့ ယူဆပါတယ်။ ဒါကို မဟာပုရိဿယောကျာ်းတွေက "ဟာ..ငါတို့ဘလော့ဂ်လောကကြီးတော့ ထမီတွေတစ်လွှား လွှားနဲ့ဖြစ်ကုန်ပြီ" ဆိုပြီး အဲဒီပို့စ်တွေအောက်မှာ ကော်မန့်တောင်မရေးတော့ပါဘူး။

သူ့အယူအဆနဲ့သူ ကော်မန့်မရေးတာကိုတော့ ကျွန်တော်ဘာမှမပြောလိုပါဘူး။ သို့သော် ကျွန်တော်ဘ၀င်မကျ တာတစ်ခုက ဒီနေရာ ဟာ ကိုင်တွယ်သုံးသပ်နိုင်တဲ့ နေရာတစ်ခုမဟုတ်ပါဘူး။ထမီပုံတွေကို ကွန်ပြူတာမှာ Wall Paper တင်ပြီးခေါင်းပေါ်ရွက်ထား ရင်လည်း ဘုန်းမနိမ့်ပါဘူး။ ဘုန်းနိမ့်ရအောင်လည်း မြတ်စွာဘုရားက ဒီ အ ကြောင်းနဲ့ပတ်သက်ပြီး ဟောကြားထားတာမရှိပါဘူး။ ယောကျာ်းထက် ဘုန်းကံမြင့်တဲ့ မိန်းမတွေ အများကြီးရှိ တာအားလုံးသိပါတယ်။ သက်ဦးဆံပိုင်ဘုရင်ခေတ်တွေတုန်းက သက် တော်ရှည်ဘိုးဘိုးကြီးတွေ မင်းဆွေမင်းမျိုး မိန်းမတွေကို ပြားပြားဝပ် ဖင်ဘူးတောင်းထောင်အောင် ရှိခိုးရတာအားလုံးအသိပါနော။ ဒါဆိုရင် သူတို့ကဘာလို့ ဘုန်းမနိမ့်ကြတာလဲလို့ မေးစရာရှိလာပြီမဟုတ်ပါလား။ အဲဒီတော့ ဘုန်းနိမ့်တယ်၊ ဘုန်းမြင့်တယ်ဆိုတာကို ၂ ပိုင်း ခွဲကြည့်လို့ရပါတယ်။ ကိုယ့်ထက် အကျင့်သီလမြင့်နေရင် ကိုယ့်ထက်ဘုန်းမြင့်ပါတယ်။ ကိုယ့်ထက် အကျင့်သီလ ယုတ် ရင် ဘုန်းနိမ့်ပါတယ်။ မိန်းမ၊ ယောကျာ်း လိင်ခွဲခြားပြီး မြင်လို့မရပါဘူး။

ကျွန်တော်က ဟိုအရင်က လက်နက်ကိုင် စစ်သားတစ်ယောက်ပါ။ ဒါကြောင့် စစ်ဆင်ရေးမသွားခင် ဘေးအန္တ ရာယ်ကင်းအောင် အမေ့ထမီကိုလျှော်ပေးတယ်။ ပြီးတော့ အမေအမြဲဝတ်လေ့ရှိတဲ့ ထမီကအစကို ဖြတ်ပြီး လက်ဖွဲ့ထိုးထားပါတယ်။ အဲဒီလက်ဖွဲ့ကို လက်မောင်းမှာအမြဲပတ်ထားလေ့ရှိပါတယ်။ နောက်ပြီးတော့ ကိုယ်အမြဲ ကိုင်တဲ့ ပစ္စတိုရဲ့ဒင်မှာ အမေ့ထမီစကို ပတ်ပြီးအပေါ်က တိတ်နဲ့ပတ်ထားလေ့ရှိပါတယ်။ ထမီကြောင့် ဘုန်းနိမ့် တယ်ဆိုရင် မောင်မိုးတစ်ယောက် အခုလိုတောင် စာမရေးနိုင်တော့ပါဘူး။ ဒါကတော့ ကျွန်တော်ကိုယ်တိုင် ထမီ နဲ့ပတ်သက်တဲ့အတွေ့အကြုံပေါ့ဗျာ။ ကျွန်တော့်အတွက်တော့ အမေ့ထမီဟာ ဘုန်းရှိပါတယ်။ တစ်ချို့မိဘတွေက ကိုယ့်သားယောကျာ်းတွေကို ထမီဆိုရင် အမေ့ထမီကိုတောင် မကိုင်ခိုင်းပါဘူး။ ဘုန်းနိမ့်မှာစိုးလို့တဲ့။ ကျွန်တော် က ရယ်ချင်တယ်။ သူ့သားက ထမီဝတ်ထားတဲ့ ပေါင်နှလုံးကြားကမွေးလာတာမဟုတ်သလိုပဲ။

နောက်တစ်ချက်က အရွယ်ရောက်ပြီးတဲ့ ယောကျာ်းတွေကို မေးကြည့်ချင်ပါတယ်။ ခင်ဗျားတို့တွေ ကိုယ့်ရည်းစား နဲ့ဖြစ်ဖြစ်၊ ကိုယ့် မိန်းမနဲ့ဖြစ်ဖြစ် ချိန်းတွေ့ကြတဲ့အခါ၊ အိပ်ကြတဲ့အခါ လက်သရမ်းကြတာကျတော့ ထမီနဲ့ မပတ် သက်ကြဘူးလား။အဲဒီထမီကို မကိုင် ကြဘူးလား။ ကျွန်တော်ထင်တာတော့ ဒီထက်ပိုလိမ့်ဦးမယ်။ အိမ်ထောင်ရှင် ယောကျာ်း၊ အတူနေပြီးတဲ့ သမီးရည်းစားတွေဆိုရင် ဒီထက်ပိုဆိုးပါလိမ့်မယ်။ မိန်းကလေးကဘုန်းနိမ့်မယ်နော်လို့ သတိပေးရှာရင်တောင် သကောင့်သားတွေက " နိမ့်..နိမ့်" ဆိုပြီး ခေါင်းတောင်ခွေ့ဝင်လိုက်ကြသေးတယ်။ အဲဒီ အချိန်မှာကျတော့ ဘုန်းနိမ့်တယ်ဆိုတာအလကားပါကွာ လို့တောင် လီဆယ်ပြီး ပြောလိုက်သေးတယ်။ ဟတ်.. ဟတ်...ဟတ်..။ လီဆယ်ပြီးပြောတယ်လို့ရေးရတာက လူရှေ့သူရှေ့ကျတော့ ထမီဆန့်ကျင်ရေးတရားကို ရှုံ့မဲ့ ပြီးပြောနေကြလို့ပါပဲ။ ထားပါလေ..။ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် မွေးကတည်းက ထမီအောက်က မွေးလာ တာချည်းပါ။ အိမ်ထောင်ကျသွားကြတဲ့အခါ ယောကျာ်းနဲ့ ထမီဟာ ခွဲမရတော့ဘူးလို့ဆိုချင်ပါတယ်။

ကဲ..အဲဒါဆိုရင် "မောင်မိုး...မင်း ထမီတန်းအောက်က ဖြတ်ရဲလား" လို့မေးစရာရှိပါတယ်။ ဟုတ်ကဲ့..အဲဒါကို ကျွန်တော်မဖြေ ခင် ရန်ကုန်မြို့ကလမ်းတွေ တိုက်ခန်းတွေမှာ ထမီကို ဘယ်လိုလှမ်းကြသလဲဆိုတာ အရင်ဆုံး လေ့လာပါဦးလို့ ပြောချင်ပါတယ်။ "ငါထမီတန်းအောက်ကဖြတ်လို့ ဘုန်းမနိမ့်ဘူးကွ" ဆိုပြီး သတိရတိုင်း ဖြတ် နေတဲ့သူ ဘယ်သူမှမရှိပါဘူး။ ခင်ဗျားကပ်သတ်ပြီးပြော ဖို့မစဉ်းစားပါနဲ့။ အကျဉ်းချူပ်ပါပဲ။ ရေးမယ်ဆို ဆုံးနိုင် မယ်မထင်ပါဘူး။ ပို့စ်ရှည်ရင် ဖတ်ရတဲ့သူပျင်းတယ်။ အဓိကတော့ ဒါတွေ ဟာ မြန်မာ့လူ့ဘောင်ထဲကအယူသည်း မှုပြဿနာတစ်ခုပဲလို့ ကျွန်တော်မြင်ပါတယ်။ ဒီပြဿနာတွေကို အခုခေတ်လူငယ်တော်တော် များများက လက်မ ခံကြတော့ပါဘူး။ ဒီလောက်ပါပဲဗျာ။ ကျွန်တော်ပြောတာကို ခင်ဗျားတို့ လက်မခံနိုင်ရင်တော့ "ဒူးယားသောက်ရင် ထူးခြားမယ်" ဆိုတဲ့ အရူးတွေနဲ့ထူးမခြားနားဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ နောင်လာနောင်သားတွေအတွက် မှန်ကန်တဲ့အမြင်တွေ ကိုပေးနိုင်ဖို့ ကြိုးစားကြရအောင်လားဗျာ။

ကြောင်မလေး အတွက်

Tuesday, February 9, 2010 ရေးသားသူ >> မောင်မိုး 5 ခု မှတ်ချက်ရှိတယ်။
အင်း...ပိုက်ကမတိုး ကြောင်က တိုးပြန်ပြီ။
အလကားပြောတာပါ။ ဒီတစ်ခါကြောင်ဖမ်းတာမဟုတ်ပါဘူး။ ကြောင်မိလာတာပါ။ အဲ...ကြောင်ဖမ်းတာများနေပြီ၊ ဆားချက်နေပြီလို့ မရွှေဇင်မှာက ပြောမှာတော့ ကြောက်မိတာအမှန်ပဲ။ ကဲ..မအင်ကြင်းရေ ကျွန်တော်သိသလောက် ရှင်းပြ လိုက်ပါတယ်ဗျာ။ မအင်ကြင်းရဲ့သဘောက စီဘောက်မှာ ညစ်ညစ်စကားပြောတဲ့လူတွေကို လက်မခံချင်တာလား။ ဒါမှမဟုတ် ကိုလူဆိုးတွေက မအင်ကြင်းရဲ့ ဘလော့ဂ်ကို လာနှောက်ယှက်နေလို့စိတ်ညစ် နေတာလား။ တစ်ခုခုတော့ ရှိမယ်ထင်တယ်။

ကျွန်တော်တို့ Blogger တွေအတွက် အသုံးများတာက CBOX နဲ့ SHOUT MIX ပဲဖြစ်ပါတယ်။ အဲဒီနှစ်ခုကို လည်း FREE User အနေနဲ့ပဲ သုံးကြတာများတော့ သူရဲ့Features တွေကို အပြည့်အ၀သုံးစွဲခွင့်မရဘူးပေါ့ဗျာ။ ဒါပေမဲ့လည်း သူတို့နှစ်ခု စလုံးမှာ ကိုယ့်စီဘောက်ထဲကို မလိုလားတဲ့သူတွေ လာပြီးရမ်းကားတာကို ကြိုတင်ကာကွယ်လို့မရပေမဲ့ အကြိမ်ကြိမ်မစော်ကား နိုင်အောင် BAN လို့ရပါတယ်။ သူရေးခဲ့တာတွေကို Delete လုပ်လို့ ရပါတယ်ဗျာ။

ဥပမာ။ CBOX ကို ကိုယ်ကသုံးတယ်ဆိုကြပါစို့ရဲ့။ တစ်စုံတစ်ယောက်ကလည်း ကိုယ့်ကို CBOX မှာ လာစော်ကားသွားပြီလို့ သိလိုက်ရပြီဆိုရင် ပထမဆုံးလုပ်ရမှာက ကိုယ်လုပ်ခဲ့တဲ့ CBOX ရှိတဲ့ ဆိုက်ကိုသွားပြီး Login ၀င်။ အဲဒီလူရေးခဲ့တဲ့ Message ကို Delete လုပ်မလား၊ သူ့ရဲ့ IP ကို BAN မလား ကြိုက်တာလုပ်လို့ရပါတယ်။
Shout Mix လည်း ထိုနည်း၎င်းပါပဲ။

အဲ..ကိုယ်က Premium User ဖြစ်တယ်ဆိုရင်တော့ စီဘောက်မှာ လာရေးတဲ့သူတွေကို Register လုပ်ခိုင်းလို့ ရပါတယ်။ ဒါကတော့ ရှင်းပါတယ်။ အဲလိုဆိုရင် Spam တွေကို ကြိုတင်ကာကွယ်နိုင်ပြီပေါ့။ အခုရေးထားပြီးခဲ့သမျှတွေက လူတိုင်းနီးပါး သိကြပါတယ်။ ကျွန်တော်က သက်သက် အာချောင်တာပါ။ အဓိက ကျွန်တော်ပြောချင်တာက ဘလော့ဂ်ဆိုတာ ကိုယ်သာ အရှင်သခင်မို့ ကိုယ်ကြိုက်သလို စီမံခန့်ခွဲပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ဘလော့ဂ် ကို ဘယ်သူတွေမလာစေချင်ဘူးလဲ။ ဘယ်ကောင် တွေက စော်ကားထားပြီလဲ။ အကြိမ်ကြိမ် BAN ပေမဲ့ မအောင် မြင်ဘူးဖြစ်နေလား။ အဲဒါဆိုရင်တော့ ကျွန်တော်အောက်က ပြောထားတဲ့ နည်းအတိုင်းသာ တွယ်ပလိုက်ပါ။

တွယ်နည်း။

၁။ Blogspot ထဲကို မိမိအကောင့်အတိုင်းဝင်လိုက်ပါ။
၂။ Layout ထဲက HTML Edit ကိုဝင်လိုက်ပါ။
၃။ HTML ကုတ်တွေထဲက < head > ဆိုတာကို ရှာလိုက်ပါဗျာ။ Expand လုပ်ဖို့မမေ့နဲ့။ မှားသွားရင် Template လေးမပျက်စီးအောင်လို့ပါ။(ဆရာကြီးတွေရဲ့ လေသံနဲ့ပြောကြည့်တာ)
< head > အောက်မှာ ဒီ Code တွေကို ထည့်လိုက်ပါ။

၎။ အဲဒါပါပဲ။
banned_ip[0] = '85.142';
banned_ip[1] = '22.98.69.1';
banned_ip[2] = '115.67.4.182';
banned_ip[3] = '85.78';

ဒီနေရာတွေမှာ banned_ip ကို ကြိုက်သလောက်ထပ်ဖြည့်လို့ရပါတယ်။ အနီနဲ့ပြထားတာတွေကတော့ IP Address တွေပါ။ ကိုယ် BAN ချင်တဲ့ IP ကို အဲဒီမှာထည့်ပေးလိုက်ရုံပါပဲ။

မှတ်ချက်။ ဒီပို့စ်အတွက် ကိုညီအား ခရက်ဒစ် ပေးပါသည်။ ကိုညီရေ ကျေးဇူးပါ။

ကြောင်ဖမ်းခြင်း

Sunday, February 7, 2010 ရေးသားသူ >> မောင်မိုး 11 ခု မှတ်ချက်ရှိတယ်။
စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲဆိုတာ ဒါမျိုးကိုပြောတာထင်တယ်။
မောင်မိုး ဘာလူပါးဝဦးမလဲဆိုတာ ခေါင်းခြောက်ခံပြီး စဉ်းစားမနေပါနဲ့ဦးဗျာ။ ဘယ်သူ့ကို ဝေဖန်လေကန်ရင် ကောင်းမလဲလို့စဉ်းစားနေတာ အကြံမထွက်လို့ စိတ်ညစ်နေတာ ကြာလှပေါ့။ ဒီနေ့ စီဘောက်မှာ ဘယ်သူတွေ လာအော်သွားသေးလဲလို့ဝင်ကြည့်လိုက်တော့..။ အဲဒီမှာ စတွေ့တာပဲ။
တစ်နည်းအားဖြင့် မုတ်ဆိတ်ကို ပျားစွဲတာပဲ။ ဟဲ..ဟဲ။
ကျွန်တော်အရင်တုန်းက အလုပ်မှာ သူငယ်ချင်းတွေနဲ့ ညနေရောက်ပြီဆိုရင် ဘီယာသောက်ချင်လို့ ကြောင်ဖမ်း တာဆိုပြီး ဂွင်ရိုက်တာတွေရှိတယ်။ ကျွန်တော်တို့ဂွင်ထဲ ၀င်လာတဲ့ သူငယ်ချင်းကတော့ ညဆိုရင် ဒကာခံ ပေရော့ပဲ။ အဲဒါကို ကြောင်ဖမ်းတာလို့ ကျွန်တော်တို့က နာမည်ပေးထားတယ်။ ဘယ်လိုဖမ်းတယ်ဆိုတာတော့ ခင်ဗျားတို့အတုယူမှားမှာစိုးလို့ မပြောတော့ပါဘူးလေ။

အခုလဲ ပို့စ်ရှားနေတုန်း ကြောင်ဖမ်းမလို့ အွန်လိုင်းတက်လာတာ။ စီဘောက်မှာ ကြောင်မိတာပဲ။ အမိခံရတဲ့ ပုဂ္ဂိုလ်ကတော့ ညီငယ် မိုးထက်မြင့် ပဲဖြစ်ပါတယ်။ သူက ကျွန်တော့်ဘလော့ဂ် ရဲ့ Side Bar မှာလုပ်ထားပေးတဲ့ Fonts အရွယ်အစား ပြောင်းတဲ့ဟာကို မေးနေတယ်။ ပို့စ်ရှားနေတဲ့ မောင်မိုး အဲဒီမေးခွန်းကြောင့် ပို့စ်တစ်ခု ဖြစ်သွားတာပေါ့လေ။ ကဲ..မပိုင်ဘူးလားခင်ဗျာ။

ညီလေး မိုးထက်မြင့်ရေ..စိတ်မဆိုးပါနဲ့။ ပျော်စေ ပျက်စေပါ။ အောက်က ကုတ်တွေပါပဲ။ ကိုယ့်ထဲကအတိုင်းပဲ တင်ထားပေးပါတယ်။ တစ်ခြားအသုံးလိုတဲ့ မိတ်ဆွေများလည်း ယူကြပါခင်ဗျာ။ ကျွန်တော်လည်း Google မှာ ရှာဖွေလေ တွေ့ရှိလေ ကဏ္ဍကနေပြီးရထားတာပါ။ ဒီ Code တွေကို HTML/Java Script ထဲမှာ Add လုပ်လိုက်ရုံပါပဲ။

စိတ်ကြိုက် ရွေးချယ်နိုင်ပါပြီ။

<select onchange="go2()" style="font-family: verdana; font-size: 8pt;" name="select3" size="1">
<option value="Times New Roman" />Times New Roman
<option value="Arial" />Arial
<option selected value="Book Antiqua" />Book Antiqua
<option value="Bookman Old Style" />Bookman Old Style
<option value="Century Gothic" />Century Gothic
<option value="Comic Sans Ms" />Comic Sans Ms

<option value="Tahoma" />Tahoma
<option selected value="Trebuchet Ms" />Trebuchet Ms
<option value="Verdana" />Verdana
</select>
<select onchange="go1()" style="font-family: verdana; font-size: 8pt;" name="select2" size="1">
<option value="8px" />8
<option value="9px" />9
<option value="10px" />10
<option value="11px" />11
<option selected value="12px" />12
<option value="14px" />14
<option value="16px" />16
<option value="18px" />18
</select>

Font ပုံစံနှင့် အရွယ်အစားကို အဆင်ပြေသလို ပြောင်းပြီး ဖတ်ရှုနိုင်ပါသည်။

အကယ်ဒမီ မောင်မိုး

Thursday, February 4, 2010 ရေးသားသူ >> မောင်မိုး 13 ခု မှတ်ချက်ရှိတယ်။
အဟဲ...။ ခေါင်းစဉ်မြင်ပြီး မောင်မိုးတစ်ယောက် နေပြည်တော်မှာလုပ်တော့မယ့် ရွှေတကာ့ရွှေ အကယ်ဒမီ ပေးပွဲကြီးမှာ တစ်ကြိုရွေးခံနေရပြီလား၊ ဘယ်တုန်းက အကယ်ဒမီရတာလဲ၊ ဘာလား၊ ညာလားဆိုပြီး စဉ်းစား မနေနဲ့ဦးနော်။

ဒါကဘလော့ဂ်အကယ်ဒမီပေးပွဲအတွက် စိတ်ကူးယဉ်ပြီး ကိုယ့်ဟာကိုယ်လေဖန်းဒါန်းစီးကြည့်နေတာ။ ဘလော့ သိုင်းလောကမှာ ဒီပြိုင်ပွဲကြီးအတွက် တစ်လောက သတင်းတွေပျံ့နေတုန်း ဒေါ်ရွှေဇင်ရဲ့ဘလော့ဂ်ကို ရောက် သွားသဗျ။ ရောက်သွားတော့ ဒီမယ်က ဘလော့ဂ်ဆုတွေအားလုံးသူပဲ သိမ်းပိုက်တော့မလိုလို ကောလဟာလ တွေဖြစ်နေတော့ အကြံတစ်ခုရလာတယ်။ အဲဒီ ဒေါ်ရွှေဇင်ဆီကနေ ဦးကျောက်ကတုံး အိမ်မှာလဲ ဘလော့ဂ်သိုင်း လောကမှာ မှော်အတတ်ပညာ၊ အောက်လမ်းပညာတွေနဲ့ ဆုအားလုံးကို ဒီမောင်က သိမ်းပိုက် တော့မယ်ဆိုတဲ့ အတင်းအဖျင်းတွေကြားရပြန်ရော။

အဲဒါနဲ့ မောင်မိုးလဲ မရိုးမရွ ဖြစ်ပြီး ဘလော့ဂ်သိုင်းပြိုင်ပွဲအတွက် စာရင်းသွားသွင်းလိုက်တယ်။ ကိုယ်က အတွင်း အား၊ အပြင်အားဘာညာအကုန်ကောင်းတယ်လို့ ယုံကြည်လေတော့ ကျန်တဲ့သူတွေကို ရှိတယ်လို့ကိုမထင်မိဘူး။ (မယုံရင်နပန်းလုံးလို့ရတယ်နော်....ဦးကျောက်ကတုံး။ ဟွန်း။။။)

အပေါ်ကစာတွေက အလကားပြောတာပါ။ အမှန်က ကျွန်တော်လည်း ဆတ်ဆော့ပြီးစာရင်းသွားသွင်းတာ။ အားကစားစိတ်ဓာတ်အပြည့်နဲ့ဆိုပါတော့ဗျာ။ ကိုယ်ကစဉ်းစားတယ်လေ။ ဘာဆုမှ မရရင်တောင် လူတွေအနေနဲ့ ကိုယ့်ဘလော့ဂ်ကို သိသွားမယ်ပေါ့ဗျာ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး။ ပြောရလောက်အောင် ကိုယ့်အခြေအနေကလဲ ဟန်ကိုယ်ဖို့ဆိုတာထက် ဆိုးသကို ဖြစ်နေတာလေ။ ဒီနေ့မှ လမ်းကြုံလို့ Vote ရလဒ်ကို သွားကြည့်မိတယ်။ လားးလားးလားး ကိုယ့်က ဘဲဥတွေကွဲပြီး ဆရာကြီးဖြစ်နေတာ သွားတွေ့ရတယ်။ ဒီတော့မှ မာန်တက်ပြီး ပို့စ်တင်ပြီး အခုလာကြွားတာ။ ဟင်းးးဟင်းး။

(ကိုမောင်တို့များ ကြိတ်ပြီး ၀င်နွဲနေတာ ခုမှသိရတယ်။ :D:P)

ပြိုင်ပွဲဝင် ရလာဒ်များကို သိချင်ရင် ဒီမှာ နော်။